သတင်းများ

ဒုတိယအကြိမ်မြောက်ကယားပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆောင်ရွက်
Dec 24,2020
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် (၁၀:၀၀)က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့သည်။
ကော့သောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)ကျင်းပ
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေး ခန်းမတွင် Social Distancing နှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။
သားငါး ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ရန်ကင်းမြို့နယ်အတွင်း သက်သာသော ဈေးနှုန်းဖြင့် လိုက်လံရောင်းချပေး
Dec 24,2020
ရန်ကင်းမြို့နယ်နေပြည်သူများ သားငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာ ဖြင့် ဝယ်ယူရရှိစေနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရန်နှင့် သန့်ရှင်း လတ်ဆတ်သော စားသောက်ကုန်များကို မိမိတို့ရပ်ကွက်အတွင်း ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီက ရွေ့လျားယာဉ်ဖြင့် မြို့နယ်အတွင်း လိုက်လံရောင်းချပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ် နာရေးကူညီမှုအသင်းသို့ PPEဝတ်စုံ(၅၀)လှူဒါန်း
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် နာရေးကူညီမှုအသင်း အရေးပေါ် လူနာများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုရန် PPE ဝတ်စုံ(၅၀)ကို မင်္ဂလာဒုံမြို့နယ် ကြူစမ်း ရပ်ကွက်နေ ဒေါက်တာရီရီဆွေ (အောင်ချမ်းမြေ့ဆေးခန်း) မိသားစုက ယနေ့နံနက်က လာရောက် လှူဒါန်းကြောင်း သိရသည်။
သာကေတမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ၊ မရှိစစ်ဆေးဆောင်ရွက်
Dec 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်းရှိသည့် အနက် အထက်တန်းအဆင့် မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနေဝါ ဦးဆောင်၍ မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတွင် ပါဝင်သော
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အေးမြမေတ္တာ ပရဟိတသင်းအတွက် ကားဝယ်နိုင်ရေး အလှူငွေများလှူဒါန်း
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အချိန်ပြည့် ကူညီ ဆောင်ရွက်ပေးနေသည့် အေးမြမေတ္တာ ပရဟိတအသင်းအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ကားဝယ်ယူနိုင်ရေး အလှူရှင်များက စုပေါင်းလှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ကျောက်ဆည်မြို့ ပေါင်းစည်း မေတ္တာညွှန့်ပေါင်း အသင်းကြီးမှ အလှူငွေကျပ်(၁)သိန်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စဉ့်ကူးမြို့နယ်၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း စီမံကိန်းများအဆိုပြုလျာ ထားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ( ၁၀ )နာရီ၌ ကျင်းပရာအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြသည်။
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀) Quarantine Center သို့ အလှူရှင်များမှ အလှူငွေများနှင့် ရေသန့်ကတ်များ လာရောက်လှူဒါန်း
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများထား ရှိရန် သီးသန့်ဖွင့် လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက်သူ များနှင့် Volunteer များအား ချက်​ပြုတ်ကျွေးမွေးနိုင် ရန် အလှူရှင်များမှ အလှူငွေများနှင့် ရေသန့်ကတ်များကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။