ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်
Dec 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လှိုင်းဘွဲမြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာ၌ အလျား (၁၅)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၉)ပေရှိ ကွန်ကရစ်တံတားကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် (၉၈၈၈၀၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။