သတင်းများ

မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် အချိန်တိုအတွင်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်၌ ‌စေတနာအဖွဲ့နှင့် ဒေသခံများ ပူးပေါင်းဆောက်လုပ်သော ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်
Dec 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သည့် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ ယနေ့ နံနက် ၁၀ နာရီ တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများထုတ်ပေး
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက် (၈:၃၀)နာရီ အချိန်က စတင်ပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းများနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၁၉)ဦးကို Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ပို့ဆောင်
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၁၉)ဦးကို Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 24,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူများမှ နှာခေါင်းစည်းများကိုလည်း မဖြစ်မနေ စနစ်တကျ တပ်ဆင် သွားလာကြရန်အတွက် ယမန်နေ့ညနေ ၄ နာရီခန့်တွင် Mask Campaign လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
ရိခေါ်ဒါရ်၌ ရန်ပုံငွေကျပ်သန်း (၂၄၀)ကျော်ဖြင့် စည်ပင်ရိပ်သာအဆောက်အဦး တစ်လုံး ဆောက်လုပ်မည်
Dec 24,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်ရိပ်သာ အဆောက်အဦးတစ်လုံးကို စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၄၈.၇၂၄)ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာကုသဆဲ (၄၈)ဦးသာ ကျန်ရှိပြီး၊ ကျန်းမာရေး ကောင်းမွန်းစွာဖြင့် (၁၃)ဦးဆေးရုံဆင်း
Dec 24,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြု ပိုးတွေ့လူနာ(၁၃)ဦးသည် ဆေးကုသမှု့ခံယူပြီး (၁၁)ရက် ပြည့်မြောက်သဖြင့် ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းခွင့်ရသည်။
ကျော့ပိုက်လုပ်ငန်းရှင်များ မျှင်မရသည့်အချိန်တွင် အခြားငါးများရရှိသည့်အတွက် ဝင်ငွေကောင်း
Dec 24,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုရှိ ကမ်းခြေရွာများတွင် ရေလုပ်သားများမှာ ယခုလို မျှင်ရာသီ ချိန်များတွင် မျှင်ကျော့ပိုက်ဖေါင်များဖြင့် ပင်လယ်ပြင်တွင် မျှင်အုပ်များရှာဖွေ၍ မျှင်ကျော့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မျှင်များအပြင် အခြားငါးများပါ ရရှိ၍ ရေလုပ်သားများအဖို့ တွက်ခြေကိုက် ဝင်ငွေကောင်းလျက်ရှိသည်။