သတင်းများ

သာယာဝတီမြို့တွင် “ဒစ်ဂျစ်တယ်နည်းပညာ ဗဟုသုတနှင့်သုံးစွဲမှု အလေ့အကျင့် တို့မြှင့်တင်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၂ နာရီက “ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတနှင့် သုံးစွဲမှု အလေ့အကျင့် တို့ မြှင့်တင်" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့၌ Mask Campaign ဆောင်ရွက်
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနဆိုင်ရာ များဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ယမန်နေ့က မြို့မဈေးတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် ခါ့ကရန်းယန်ကျေးရွာ၌ အ.လ.က ကျောင်းဆောင်သစ်ပန္နက်ရိုက် အခမ်းအနားကျင်းပ
Dec 24,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခါ့ကရန်းယန်ကျေးရွာ အလက ကျောင်း‌ဆောင် သစ်ပန္နက်ရိုက်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀) ဦး အား ကိုဗစ်-၁၉ကာလအတွင်း ထောက်ပံ့ငွေပေးအပ်
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းလိမိတက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ဂျီအီးစီ (ပညာရေး ဝန်ထမ်းများ) ရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ် ဝါးဂုတ္တော​ကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်းဖွင့်လှစ်
Dec 24,2020
ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် သာယာကုန်းအုပ်စု ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်​နေ့က ကျင်းပပြုလုပ်​ကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့် ကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက် ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ် တခွက်ဖိုး​ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း စတင်​ဆောင်ရွက်
Dec 24,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေ သော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင်​​တခွက်ဖိုးကျေးရွာအုပ်စု ​​တခွက်ဖိုးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း(အရှည် ၂၇၀၀​ပေ ၊ အကျယ် ၁၂​ပေ ၊ ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၄၁,၇၀၀,၀၀၀)ကျပ်ဖြင့် စတင်အကောင် ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်​ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် CERP အစီစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်းသုခစံပြကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ
Dec 24,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၀ခုနှစ် မိုးရာသီ ၌မိုးစပါး ၁၉၁၈ ဧက စိုက်ပျိုးခဲ့ပြီး CERP အစီစဉ်ဖြင့် မိုးစပါးပျိုးစေ့ထုတ်စံပြကွက် ၇၀ ဧက ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံကသိရသည်။