သတင်းများ

ထန်းတပင်တွင် အိမ်တိုင်ရာရောက် ကန်တော့မှုများဖြင့် မြတ်ဆရာပူဇော်ပွဲကို အစဉ်အလာ မပျက်ကျင်းပ
Dec 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက် တန်းကျောင်း၏ (၂၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့မှုများဖြင့် အစဉ်အလာမပျက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ လျက်ရှိကြောင်း အ.ထ.က (ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
လောင်းလုံးမြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 24,2020
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့၊ Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူထံမှ ကိုဗစ်−၁၉ ရောဂါတွေ့ရှိ
Dec 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ အမျိုးသား တစ်ဦးထံ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်အတည်ပြုအဖြေ ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးထံမှ သိရသည်။
ကံမမြို့နယ် မုန်းဒါးကြီးကျေးရွာတွင် မြေသားမိုး ရေလှောင်ကန် တူးဖော်ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲ မရှိစေရေးအတွက်
နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှန်အဟုန်မြှင့်တင် ဆောင်ရွက်
Dec 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျိုက်မ​ရော မြို့နယ်အတွင်း ​နွေရာသီ​ရေရှားပါးမှု မဖြစ်​​ပေါ်​စေရန်​ ရေ​ပေး​ဝေ​ရေးလုပ်ငန်းများ​ကွင်းဆင်း​ဆောင်ရွက်
Dec 24,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရော မြို့နယ်အတွင်းရှိ ​​ကျေးရွာများ၌ ​နွေရာသီတွင် ရေရှားပါးပြတ်လပ်မှု မရှိ​စေရန် အတွက် ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ( ၂၀၁၂ - ၂၀၁၃) (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ကျေးလက်​ဒေသဖွံ့ဖြိုး​ရေး ရန်ပုံ​ငွေဖြင့် ဆောင်ရွက်ခဲ့​သော​ ရေ​​ပေး​ဝေ​ရေး လုပ်ငန်းများ ဆောင်ရွက်​နေမှုကိုယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြေပြင်ကွင်း ဆင်းစစ် ​ဆေးခဲ့​ကြောင်း သိရသည်။
လဟယ်မြို့နယ်အတွင်း တိုင်းစက်မှုလယ်ယာမှ ဖော်ထုတ်ပေးသော လယ်ယာမြေအား တောင်သူများထံပေးအပ်ရန် အကွက်စိတ် တိုင်းတာနေမှု ကွင်းဆင်းစစ်ဆေး
Dec 24,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းစစ်မှုလယ်ယာ ခွင့်ပြုရန်ပုံငွေဖြင့် နာဂဒေသ လဟယ်မြို့နယ်အတွင်း လယ်ဧက (၁၅၀) ဧက ဖော်ထုတ်ပေးခဲ့ရာကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်စည်းဝတ်ဆင်ရေးလှုပ်ရှားမှု အသိပညာပေးဆောင်ရွက်
Dec 24,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ ညနေပိုင်းတွင် ဆူလေဘုရား အနီးရှိ YBS ကားမှတ်တိုင်နှင့် လူစည်း ကားရာနေရာများတွင် ဆောင်ရွက် ကြသည်။