သတင်းများ

ဖလမ်းခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 24,2020
ဖလမ်းခရိုင်အဆင့် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ယနေ့နံနက်(၇)နာရီခွဲ အချိန်မှ စတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး လျက် ရှိကြောင်းသိရသည်။
ခိုင်ကမ်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို Online မှတစ်ဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ဆုရသူများအား ဆုချီးမြှင့်
Dec 24,2020
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Online မှတစ်ဆင့် ပြုလုပ်ခဲ့သည့် ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများကို ယနေ့ နံနက် ၁၁ နာရီတွင် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြေင်းသိရသည်။
မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန် Surgical Maskခုရေ (၂၀၀၀၀) လှူဒါန်းခြင်းနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ Surgical Ground အထည်(၁၀၀) လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Dec 24,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန် Surgical Mask ခုရေ (၂၀၀၀၀) လှူဒါန်းခြင်းနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ Surgical Ground အထည် (၁၀၀)လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်၌ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်
Dec 24,2020
ကျေးလက်နေပြည်သူများ မြေပိုင်ဆိုင်ခွင့်ရရှိရေး၊ လယ်ယာမြေပြဿနာများ နည်းပါးရေး မြေယာလုပ်ထုံးလုပ်နည်းများအား ပြည်သူများသိရှိစေရေး ကျေးလက်နေပြည်သူများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများပိုမိုရရှိရေး နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ငွေများ ရရှိစေရေးအတွက် ကျေးရွာမြေများနှစ်(၃၀)မြေငှားဂရန် ထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု မိုင်းယွန်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း တိုင်းတာခဲ့ကြောင်း သိရသည်။
ချီဖွေမြို့၌ တစ်နိုင်တစ်ပိုင်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေရရှိ
Dec 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နှင့်(၅)မိုင်(၂)ဖာလုံခန့်အကွာ ဘာလဲ့ဝမ်ထယ် ကျေးရွာချင်းဆက် လမ်းပေါ်တွင် တည်ရှိသည့် တစ်နိုင်တစ်ပိုင် ဝမ်ထယ်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေ ရရှိလျက် ရှိကြောင်း သိရှိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေး
Dec 24,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။