မောက်မယ်မြို့နယ်၌ပြန်လည်ဖွင့်လှစ်သောစျေးဆိုင်ခန်းများသွားရောက်စစ်ဆေး
Dec 21,2020
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြား ချက်များ နှင့်အညီ စျေးဆိုင်ပိုင်ရှင်များလိုက်နာခြင်းရှိ/မရှိကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ် စည်ပင် သာယာရေးဌာန နှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက လိုက်လံ စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့သည်။