သတင်းများ

ညောင်ရွှေမြို့နယ်တွင်း အသွားအလာကန့်သတ်ထားရှိသူ (၆၀)ဦး၏ ဓာတ်ခွဲနမူနာများရယူ
Dec 21,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre ဝင်ရောက်နေသူ (၄၁)ဦး၊ ပြည်သူ့ဆေးရုံတွင် Hospital Quarantine ဝင် ရောက်နေသူ (၂)ဦး၊ Hotel Quarantine ဝင်ရောက်နေသူ (၁၅)ဦးနှင့် Stay at Home နေထိုင်သူ (၂) ဦး စုစုပေါင်း ညောင်ရွှေမြို့နယ်အတွင်း၌ သွားအလာကန့်သတ်ထားရှိသူ (၆၀)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြု နိုင်ရန်အတွက် ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးနိုင်ရန် ဓာတ်ခွဲနမူနာရယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူများအား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် Swab နမူနာများ ရယူစစ်ဆေး
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန Quarantine Center တွင် ပြည်တွင်း ပြည်ပပြန်များအား အနီးကပ် စောင့်ကြည့်ထားရှိရာ ယနေ့ နံနက်(၈)နာရီခွဲက စောင့်ကြည့်ထားရှိသူ(၂၂)ဦးတို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နှာခေါင်တို့ဖတ်များ ရယူကာ RDT Test Kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်း မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များမှ အလှူငွေများ လှူဒါန်း
Dec 21,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် စေတနာရှင် အလှူရှင်များမှ အလှူငွေများကို ယနေ့ နေ့လယ်(၁)နာရီက ကန်းစွန်းအင်း ကိုယ်ပိုင် အထက်တန်း
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ကျေးရွာများရွေးချယ်
Dec 21,2020
၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP)ကျေးရွာရွေးချယ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦးတွေ့ရှိ
Dec 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ Facility Quarantine Centre များတွင် ကန့်သတ် ထားရှိသော ပြည်တွင်းနှင့် ပြည်ပပြန် (၆၂)ဦး၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာများကို ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာ Swab Team အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့က ယူဆောင်၍ ဆေးသုတေသန ဦးစီးဌာန ဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပေးပို့၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃)ဦးတွင် ကိုဗစ်-၁၉ positive အဖြေထွက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေး ဆွေးနွေး ညှိနှိုင်း
Dec 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ် ခရီးစဉ်သစ် ဖော်ဆောင် နိုင်ရေး ဆွေးနွေးညှိနှိုင်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက နောင်ချိုကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(DMO) လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၀)ကျင်းပ
Dec 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ နောင်ချိုမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ(DMO) ဥက္ကဌ ဦးသွင်ကိုကိုမင်းက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။