ရွှေတောင်မြို့နယ်တွင် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
Dec 21,2020
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်စာရေး-ကွေ့မလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းများ အား ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူ၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်မြသင်းဌေးနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ကြည့်ရှု စစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။