ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနကမီးဘေးကြိုတင်ကာကွယ်ရေးမီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြသ
Dec 18,2020
ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာရုံးများနှင့် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေး သတိမူစေရန်နှင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၈ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ ဝင်များက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။