သတင်းများ

မုဒုံမြို့နယ် ရွှေဟင်္သာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ
Dec 16,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ရှိရွှေဟင်္သာစျေးတွင် ယမန်နေ့နံနက် (၁၀) နာရီခန့်က မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ သည်။
ကျေးရွာမီးလင်းရေး ဆောင်ရွက်ပြီးစီးနေမှုများနှင့် ဆက်သွယ်ရေးလမ်း Box Culvert တည်ဆောက်နေမှုများ အားကွင်းဆင်းစစ်ဆေး
Dec 16,2020
ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ် ၊‌ အေးရွာအုပ်စုကျေးရွာတွင်ဆောင်ရွက်ပြီးစီးသည့်ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့်ကျေးလက်လမ်းဦးစီးဌာနမှ တည်ဆောက်နေသည့် Box Culvert အား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်ကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွပ်လပ်ရေးကျောက်တိုင် တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 16,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လွတ်လပ်ရေး အထိမ်းအမှတ် အနေဖြင့် လွတ်လပ်ရေးကျောက်တိုင်တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၃၈) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေး
Dec 16,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူ (၃၈) ဦးထံမှ နှာခေါင်းနှင့်အာခေါင်းတို့ပတ်များ (ပထမအကြိမ်) ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန Swab Team မှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့မစျေး၌ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ဆေးရုံဆင်းခွင့်ရ
Dec 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံခဲ့ရသည့် အတည်ပြုလူနာ မိန်းကလေးနှစ်ဦးသည် ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ ကိုဗစ်-၁၉ ယာယီဆေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူပြီးနောက် ယနေ့နံနက် (၁၀) နာရီခွဲအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 16,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များမှ စာရေးဆရာချစ်ဦးညို၏ "တိုးတတ်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းများ ရိတ်သိမ်းအထွက် နှုန်းကောင်း၍ ဈေးနှုန်းကောင်းရရန်မျှော်လင့်
Dec 16,2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းခေါ်စမုံနက်နှမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းပြီးဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း သိရသည်။