သတင်းများ

သိင်္ဂီရွှေစင်ရက်ကန်း ကုန်ထုတ်သမဝါယမအသင်း ၂၀၁၉/၂၀၂၀ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၊ အသင်းသား ၂၈၀ တို့အား ကိုဗစ် − ၁၉ ရောဂါ ကာလ အခြေခံ စားသောက်ကုန် သုံးမျိုးထောက်ပံ့ပေးအပ်
Dec 16,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သိင်္ဂီရွှေစင် ရက်ကန်းကုန်ထုတ် သမဝါယမ အသင်း၏ ၂၀၁၉/၂၀၂၀ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသား ၂၈၀ တို့အား ကိုဗစ် − ၁၉ ရောဂါကာလ အခြေခံစားသောက်ကုန်သုံးမျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်း စုပေါင်းခန်းမ၌ ပြုလုပ်သည်။
ပင်လည်ဘူးမြို့၌ အပြင်ထွက်သွားလာနေကြသူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Dec 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းသွားလမ်းလာ ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာမှုများရှိစေ‌ရေး
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ၌ သာကေတမြို့နယ် အရန်မီးသတ်တပ်ဖွဲ့များမှ နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ
Dec 16,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလ၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးမင်းမင်း လမ်းညွှန်မှုဖြင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ ဒုတပ်ရင်းမှူး ရီဝင်း ဦးဆောင်ပြီး တပ်ခွဲမှူးများ၊ ဒုတပ်ခွဲမှူးများ၊ တပ်ခွဲ(၅)ခွဲမှ တပ်စုမှူးများနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်(၆)နာရီမှစတင်ကာ သာကေတမြို့နယ် အတွင်းရှိ ကားမှတ်တိုင် များ၊ ဈေးများသို့ သွားရောက်ကာ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့် ဝေပေးခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်အကြောင်း မြို့နယ်အဆင့် အသိပညာပေးရှင်းလင်းပွဲကျင်းပ
Dec 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင်  မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ကျင်းပပြုလုပ်သော လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်အကြောင်း မြို့နယ်အဆင့် အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရှိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိဘဲ သွားလာသူ (၇၆) ဦးအား ငွေဒဏ်များ ပေးဆောင် စေခဲ့
Dec 16,2020
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းသွားလာ မှုများအား ပညာပေး ကာလ ကျော်လွန်လာခဲ့ပြီဖြစ်၍ ယမန်နေ့ (ပထမ) နေ့၌
လင်းခေးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 16,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာန မှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၇နာရီအချိန် က လင်းခေးမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရွာတော်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
Dec 16,2020
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် မီးလင်းခဲ့သည့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာ အုပ်စု၊ ရွာတော်ကုန်းကျေးရွာတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က လျှပ်စစ်မီးဖွင့် ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Dec 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များအညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန့်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။