သတင်းများ

ရွှေတောင်မြို့နယ် မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများအား သင့်(၄)သင့် ဖြစ်စေရေးစစ်ဆေး
Dec 15,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအေးကျော်ဦးဆောင်၍ ခရိုင်အဆင့် စခန်း စစ်ဆေးရေးအဖွဲ့ သည် ယမန်နေ့ ၁၂ နာရီခွဲ အချိန်က ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ရုံး/စခန်း/ နယ်မြေမီးသတ် စခန်းများရှိ တပ်ဖွဲ့ဝင်များအား စစ်ဆေးခဲ့သည်။
ပန်းတောင်းမြို့နယ် ထုံးဘိုစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်
Dec 15,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုစျေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေး လှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက ထုံးဘိုစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးတွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ‌ကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ
Dec 15,2020
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်အဆင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ‌ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင် အဆင့် ကလေး သူငယ် အခွင့် အရာဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က ကော်မတီ၏ လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးပြီး အဖွင့်အမှာစကားပြောကြားသည်။
တိုက်ကြီးမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်
Dec 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြို့မဈေးတွင် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန် ခန့်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ Quarantine Centre များ၌ အသွားအလာ ကန့်သတ်ထားသူများ၏ Swab နမူနာများ ရယူပေးပို့ရာ ရောဂါပိုးမတွေ့ရှိ
Dec 15,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကုသရေး Swab Team အဖွဲ့မှ Facility Quarantine Centre များတွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်ထားသော ပြည်ပနိုင်ငံများနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ပြန်လာသောသူ (၁၈)ဦးအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို RDT ဖြင့် ပေးပို့စစ်ဆေးရာ စစ်ဆေးသူအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိ All Negative ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကမာရွတ်မြို့နယ် Quarantine Center များရှိ Primary Contact များအတွက် အလှူငွေနှင့် ရေသန့် ဘူးများ လာရောက်လှူဒါန်း
Dec 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရန်ကုန်)မှ အလှူငွေ(နှစ်သိန်းငါး သောင်းတိတိ) ကို အ.မ.က(၂)ကျောင်း Kamayut Township Anosmia Center အသွားအလာကန့် သတ်စောင့်ကြည့်နေရာသို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးအတွက် Myint & Associates Co:Ltd မှ အလှူငွေ (ကျပ်တစ်ဆယ်သိန်းတိတိ)နှင့် ရေသန့်(၂၀၀)ကတ်၊ စေတနာရှင် ၇ ရက်သားသမီးများမှလည်း ရေသန့်(၄၀၀)ကတ်တို့ကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ် ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် အတွက်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း
Dec 15,2020
ကလေးမြို့တွင် ချင်းပြည်နယ်၊တီးတိန်မြို့နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ကွယ်ရေးသုံးပစ္စည်းများကို ချူးရင့် အထွေထွေ ရောင်းဝယ် ရေးနှင့် ထွန်းဂရုကုန်စည်ထောက်ပံ့ရေးနှင့်သယ်ယူပို့ဆောင်ရေးမှ ယနေ့ မွန်းလွှဲပိုင်းက ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် လှူဒါန်းခဲ့ ကြောင်းသိရသည်။
ကလောမြို့နယ်၌ ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦးသေ ၂ ဦး ဒဏ်ရာရ
Dec 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ‌အောင်ပန်း-ပင်လောင်း လမ်းခွဲအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။