သတင်းများ

ထန်းပင်မြစ် လှိုင်လှိုင်ပေါ်ချိန် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် တဆင့်ပွဲစားများ အဆင်ပြေ
Dec 16,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့နှင့် ငါ့သရောက် မြို့တို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် ထန်းပင်မြစ်ပွဲစားများ ထန်းပင်မြစ် ရောင်းချခြင်း၊ တဆင့်ယူပွဲစားများ နယ်ဝေးပို့ရောင်းချခြင်းဖြင့် အဆင်ပြေကြောင်း ကျောက်ပန်းတောင်းမှ ထန်းပင်မြစ်ပွဲစား ဦးပေါ်လာကပြောကြားသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီသို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ အလှူငွေများ၊အထောက်အကူပြုပစ္စည်းများလှူဒါန်းပေး
Dec 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကူညီ ထောက်ပံရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအားကျွေးမွေး ရန်နှင့်လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီး တွင်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ကျုံပျော် မြို့မဈေးအတွင်း စျေးရောင်းချသူများ Mask နှင့် Face Shield တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Dec 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်းချသူများတွင် Mask နှင့် Face Shield တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး
Dec 16,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်သည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် လိုင်စင် ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် အထက်မီးပေါက်ကျေးရွာတွင် သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် မြေသားမိုး ရေလှောင် ကန် တူးဖော်ဆောင်ရွက်
Dec 16,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကျေးလက် နေပြည်သူများ
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လူစုလူဝေးဖြင့် စျေးဝယ် ယူ ရောင်းချမှု လျော့ချနိုင်ရေးနှင့် စာသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စျေးကားများမှ လာရောက်ရောက်ချ
Dec 16,2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ များ သား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား သန့်ရှင်းလတ်ဆက်ပြီး စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများက ယမန်နေ့ နံနက်ပိုင်း အချိန်မှစတင်ကာ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း စျေးကားများဖြင့် လာရောက်ရောင်းချပေးခဲ့ကြသည်။
တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး ၂ ဆနီးပါးရနေပြီး ၅ လပိုင်းကုန်ထိ ဈေးဆက်လက်ကောင်းနိုင်
Dec 16,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် ဖရဲသီးများ အစိုက်နည်းသဖြင့် တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး ၂ ဆနီးပါးရနေပြီး ၅ လပိုင်းကုန်ထိ ဈေးများ ဆက်လက်ကောင်း နိုင်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအား ငွေကြေးထောက်ပံ့ပေး
Dec 16,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။