ဟိုမိန်းမြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄) အမှတ်(၇)ကို ဟိုမိန်းမြို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဟိုမိန်းဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။