သတင်းများ

လက်ပံတန်းမြို့နယ်တွင် ကာကွယ်ဆေးထိုး ဆေးတိုက် လုပ်ငန်း အသိပေးဆွေးနွေးပွဲ ပြုလုပ်
Jan 02,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်း သို့ရောက်ရှိရေး အသိပေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀နာရီက လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ ဇီဝက ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ပညာရေးမှူးဖလား U-10 အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 02,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၃ နာရီက ကံဖြူကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် မြန်မာရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ မိတ္ထီလာမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 02,2020
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအား ကစားအသင်းက ကြီးမှူး၍ မြို့နယ်(၁၁)မြို့နယ်မှ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမားများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ
Jan 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များ တိုးတက် မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ
Jan 02,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့ အ.မ.က မူလွန်(မံပုံ)ကျောင်းတွင် ယနေ့ နံနက်(၉)နာရီတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ရေး သိရှိနားလည် တတ်ကျွမ်းစေရန် ရည်ရွယ်၍ မိုးမောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပရာ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမှိုင်းမြတ်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ထပ်ဆင့်အမှာစကားပြောကြားခြင်းတို့ဆောင်ရွက်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ စတင်
Jan 02,2020
စစ်ကိုင်းတိုင်းဒေသကြီးရှိခရိုင်(၁၀)ခုတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို ဇန်နဝါရီလ(၂)ရက်နေ့နံနက်(၉)နာရီမှ စတင်ကောက်ယူလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရသည်။
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲ ကျင်းပ
Jan 02,2020
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၈၄ လမ်းနှင့် ၂၃ လမ်းထောင့်ရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ ယနေ့နံနက်၉နာရီက အောင်မြေသာစံ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲကို ကျင်းပသည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပ
Jan 02,2020
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁ဝနာရီခွဲ အချိန် က ကျင်းပခဲ့သည်။