သတင်းများ

တွံတေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများကို ယနေ့ နံနက်ပိုင်းက ယာယီဈေး၊ အိုးဖိုဈေးလေး၊ ကူတိုဆိပ်နှင့် လမ်းသွား/ လမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တို မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်
Dec 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံ၍
ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ (၄) အမှတ်(၇)ကို ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေပေးခဲ့သည်။
ပင်လောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် ၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
နမ့်ဆန်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြု
Dec 07,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဆေးကုသမှု ခံယူနေသူ (၁၀)ဦး အနက်မှ ယနေ့မွန်းလွဲပိုင်းတွင် ပိုးတွေ့လူနာ အမှတ်(၃)နှင့် ပိုးတွေ့လူနာ အမှတ်(၄) တို့သည် ကိုဗစ်-၁၉ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိပြီး ယနေ့အထိ စုစုပေါင်း ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ (A) အဆင့်ရှိသည့် ဆိုင်ပေါင်း (၂၀) အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု
Dec 07,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ညောင်ရွှေမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းသောက်ကျေးရွာ၌ Mask Campaign ပြုလုပ်
Dec 07,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သည် လတ်တလောကူးစက်ဖြစ်ပွားနေ သည့် Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပြန့် ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျှက် ရှိရာ ဒီဇင်ဘာ (၇)ရက် နံနက်ပိုင်းက