သတင်းများ

ဘောဂလိမြို့၌ ဆောင်းမတ်ပဲများအား ကြဲပက်ပြီး အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူး ကျေးရွာနေ တောင်သူဦးဝါးနေမူး လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်းမတ်ပဲ များအား ခုတ်ဖုန်းစနစ်ဖြင့် ကြဲပက်ပြီး အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ဘုတလင်မြို့နယ်တွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်း(Mask)နှင့် Face Shield များ အခမဲ့ ဖြန့်ဝေ
Dec 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးသည့် နှာခေါင်းစည်း (Mask)နှင့် Face Shield များကို ဒီဇင်ဘာလ(၄)ရက်က စတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၏ လူစည်ကားရာ နေရာများတွင် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် ထံမှ သိရသည်။
ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Dec 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံသို့ ယနေ့နံနက်(၈) နာရီက အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပစ္စည်းများ နှင့်အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် အာဖရိက ၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Dec 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန၏ ပူးပေါင်းမှုဖြင့် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး ကုန်တင်ယာဉ်ကြီးများအသင်းနှင့် တွေ့ဆုံဆွေးနွေး
Dec 05,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွား မှုမရှိစေရေးအတွက် အမြို့မြို့အနယ်နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ လိုက်နာဆောင်ရွက်ရေး ကုန်တင်ယာဉ်ကြီးများအသင်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့နှင့် ကျေးရွာများ နိုင်ငံတော်ဓာတ်အားစနစ်မှ ၈၇ ရာခိုင်နှုန်းကျော်အထိ ကျေးရွာများမီးလင်း
Dec 05,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နှင့်ကျေးရွာများအား ယခု အချိန်ထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ၈၇ ရာခိုင်နှုန်းကျော်ထိ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ထံကသိရ သည်။