သတင်းများ

နာဂဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်တီမှ ကျန်းမာရေး စစ်‌ဆေးရေးဂိတ်(၁)ခု တိုးမြင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ တားဆီး ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အိမ်မဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၊ မိုးသီတာကျေးရွာတွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်
Dec 06,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ မိုးသီတာကျေးရွာရှိ မဟာဗောဓိကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဆောင်းသီးနှံ ပိုးမွှားရောဂါ ကျရောက်နိုင်မှု တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မျိုးကောင်းမျိုးသန့် စပါးမျိုးရရှိရန်အတွက် လေမှုတ်စက်သုံး၍ရွေးချယ်သန့်စင်
Dec 06,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော (RS) မျိုးစပါးမှ (CS)အဆင့် ဆင်းသုခ မျိုးစပါးများ စိုက်ပျိုးကြရာ စပါးခင်းများ ရင့်မှည့်နေပြီ ဖြစ်သည့်အတွက် ရိတ်သိမ်းလျက်ရှိပြီး စိုက်ပျိုးရေး ဦးစီးဌာနကလည်း အထွက်နှုန်း ရရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းဖြင့် မှတ်တမ်းပြုလုပ်ရာ တစ်ဧက အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြားမပါရှိဘဲ လမ်းမများပေါ် သွားလာ‌နေသူများအား ဒဏ်ရိုက် အရေးယူမှုများ ဆောင်ရွက်
Dec 05,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြားမပါရှိဘဲ လမ်းမများပေါ် သွားလာ‌နေသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဒဏ်ရိုက်အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝင်/ထွက်ခွင့်ကတ်ပြားမပါရှိဘဲ လမ်းမများပေါ် သွားလာနေသူများအား ဒဏ်ရိုက်အရေးယူမှုများ လုပ်ဆောင်
Dec 05,2020
မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် ဝင်/ထွက်ခွင့် ကတ်ပြား မပါရှိဘဲ လမ်းမများပေါ် သွားလာနေသူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဒဏ်ရိုက် အရေးယူ မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
နေပြည်တော် မြို့မဈေးနှင့် သပြေကုန်းဈေးတွင် ပြည်သူများ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Dec 05,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ
ခေါဇာမြို့၌(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး(R.S) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်
Dec 05,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် စိုက်ပျိုးထားသော ပေါ်ဆန်းရင် (R.S) မျိုးသန့် မျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ပိုင်းက ခေါဇာမြို့ရွာမကွင်း၊ကွင်းအမှတ် (၁၁၉၉)ပေါ်ရှိ တောင်သူ ဦးစိန်မင်း လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။