သတင်းများ

လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် အာဖရိက ၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Dec 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန၏ ပူးပေါင်းမှုဖြင့် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး ကုန်တင်ယာဉ်ကြီးများအသင်းနှင့် တွေ့ဆုံဆွေးနွေး
Dec 05,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွား မှုမရှိစေရေးအတွက် အမြို့မြို့အနယ်နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ လိုက်နာဆောင်ရွက်ရေး ကုန်တင်ယာဉ်ကြီးများအသင်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့နှင့် ကျေးရွာများ နိုင်ငံတော်ဓာတ်အားစနစ်မှ ၈၇ ရာခိုင်နှုန်းကျော်အထိ ကျေးရွာများမီးလင်း
Dec 05,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နှင့်ကျေးရွာများအား ယခု အချိန်ထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ၈၇ ရာခိုင်နှုန်းကျော်ထိ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ထံကသိရ သည်။
ရွှေသောင်ယံမြို့တွင် စေတနာ့ဝန်ထမ်း Volunteer လူငယ်(၁၄)ဦးအား နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများအားပြန်လည်ပေးအပ်
Dec 05,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရွှေသောင်ယံ အထက Facility Quarantine စင်တာ၌ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင် ဆောင်ရွက်ပေးနေသော Volunteer လူငယ်များအား နိုင်ငံတော်မှချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဒုတိယနှစ်ဝက် လုပ်ငန်း ဆန်းစစ် ဆွေးနွေး
Dec 05,2020
သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဒုတိယနှစ်၀က် လုပ်ငန်းဆန်းစစ်ဆွေးနွေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌‌ ဆွေးနွေးခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄)ဦး ထပ်မံတွေ့ရှိ
Dec 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် Quarantine Center များ၌ အသွားအလာကန့်သတ်ထားရှိသူ (၅၃)ဦး၏ Swab များအား ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဓာတ်ခွဲဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ယမန်နေ့ နံနက် ၉ နာရီအချိန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။