Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ် ကွမ်တာအုပ်စု သဒီးခိုကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Dec 05,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာအုပ်စု၊ သဒီးခိုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း(အရှည် ၂၂၆၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၇၀၀,၀၀၀)ကျပ်ဖြင့် အောက်တိုဘာလ ၂၀ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု ဆောင်ရွက်
Dec 05,2020
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေစဥ်အတွင်းကျိုက်မရောမြို့နယ်တွင် ရောဂါ ဖြစ်ပွားမှု မရှိ စေရေးအတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် ပါးစပ်နှာခေါင်း စည်းတပ်ဆင်ရေးနှင့်ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ယာဉ်အန္တရာယ်ပညာပေးလှုပ်ရှားမှု့ကို ယနေ့ နံနက် ၈နာရီ အချိန်က ကျိုက်မ ရော မော်လမြိုင် သွား ကားလမ်း ထန်းပင်တန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှကင်း ဝေးစေရည်ရွယ်၍ရန်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၊ သရက်တော မြစိမ်းရောင်စီမံကိန်းကျေးရွာ၏ ဆဋ္ဌမကြိမ်မြောက် မြစိမ်းရောင်ချေးငွေများ ထုတ်ချေးပေး
Dec 05,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအားကျေးရွာ(၃၉)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သရက်တောမြစိမ်းရောင်စီမံကိန်းကျေးရွာ၏ ဆဋ္ဌမကြိမ်မြောက်အဖြစ် ချေးငွေပြန်လည် ထုတ်ချေးပေးခြင်း၊ အိမ်ထောင်စု(၈၀)စုသို့ ချေးငွေကျပ်ပေါင်း ၃၉ဒသမ ၁ သန်း အားထုတ်ပေးခဲ့ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာ တာဝန်ခံများ၊ ကျေးရွာကော်မတီဝင်များမှ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လမ်းညွှန်ချက်နဲ့ အညီ ထုတ်ချေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့၌ ဆောင်းမတ်ပဲများအား ကြဲပက်ပြီး အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူး ကျေးရွာနေ တောင်သူဦးဝါးနေမူး လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်းမတ်ပဲ များအား ခုတ်ဖုန်းစနစ်ဖြင့် ကြဲပက်ပြီး အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်း(Mask)နှင့် Face Shield များ အခမဲ့ ဖြန့်ဝေ
Dec 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးသည့် နှာခေါင်းစည်း (Mask)နှင့် Face Shield များကို ဒီဇင်ဘာလ(၄)ရက်က စတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၏ လူစည်ကားရာ နေရာများတွင် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Dec 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံသို့ ယနေ့နံနက်(၈) နာရီက အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပစ္စည်းများ နှင့်အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် အာဖရိက ၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Dec 05,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန၏ ပူးပေါင်းမှုဖြင့် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27700
Page
27701
Page
27702
Page
27703
Current page
27704
Page
27705
Page
27706
Page
27707
Page
27708
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department