သတင်းများ

ဒိုင်းပြကျေးရွာအုပ်စု ဒိုင်းပြကုန်းကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Dec 06,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ကရင်ပြည် နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) ဒိုင်းပြကျေးရွာ အုပ်စု၊ ဒိုင်းပြကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း
နွေရာသီကာလ သောက်သုံးရေရှားပါးမှုအတွက် တစ်နာရီလျှင် ရေဂါလံ ၁၅၀၀ ခန့် ထွက်ရှိသည့် စက်ရေတွင်းတူးဖော်ပေးနိုင်ခဲ့
Dec 06,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ကြီးတောကျေးရွာတွင် နွေရာသီ ကာလသောက်သုံး ရေရှား ပါးမှု မရှိစေရေးနှင့်သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲ နိုင်စေရေးတို့အတွက် တစ်နာရီလျှင် ရေဂါလံ၁၅၀၀ခန့် ထွက်ရှိ သည့် စက်ရေတွင်း တစ်တွင်း တူးဖော်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ တတိယအကြိမ် အလုပ်ရုံ ဆွေးနွေး
Dec 06,2020
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီ စေတနာ့ ဝန်ထမ်းအဖွဲ့ Shanti Volunteer Association( SVA)  တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၀ပြည့်နှစ် တတိယ အကြိမ် မြောက် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ အသိပညာပေးခြင်း နှင့် mask campaign ပြုလုပ်ဆောင်ရွက်
Dec 06,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်- ၁၉ ရောဂါအသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီတွင် ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေး ဌာနက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖျာပုံမြို့၌"Physical Fitness Dance Online Challenge" ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
Dec 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျင်းပပြုလုပ်သော (၄)မြို့နယ်ဖိတ်ခေါ် "Physical Fitness Dance Online Challenge" ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ဖျာပုံမြို့ ပြည်သူ့အားကစား ခန်းမ၌ ကျင်းပခဲ့သည်။
ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO) အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိတိုရိယ တောင်ပေါ်သို့ မော်တော်ယာဉ် တက်ရောက် မှုများ တားမြစ်ကန့်သတ်တော့မည်
Dec 06,2020
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယတောင်ပေါ်သို့ မော်တော်ကား၊ မော်တော် ဆိုင်ကယ် တက်ရောက်မှုများကို တားမြစ်ကန့်သတ်သွားမည်ဟု ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ မွန်းလွဲ(၁)နာရီ တွင်ကျင်းပပြုလုပ်ခဲ့ကြသည့် ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO)အစည်းအဝေးအရ သိရသည်။
မိုင်းတုံမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့စုပေါင်း၍ အစာ အဟာရနှင့် အသုံး အဆောင်ပစ္စည်းများလှူဒါန်း
Dec 06,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး နှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နှင်းကလျာစောနှင့်အဖွဲ့များစု‌ပေါင်း၍ ယမန်နေ့နံနက်(၈) နာရီက အစာအာဟာရနှင့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်းသိရသည်။
မိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးအသက်(၂)လမှ အသက်(၁)နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 06,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်ခြင်းကို နောင်ပါရင်ရပ်ကွက်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက် (၈)နာရီတွင်စတင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။