သတင်းများ

တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်အတွက် ဌာနဆိုင်ရာများ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် တောင်သူလယ်သမားစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဆင်းပွဲကျင်းပ
Dec 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာ၊ တောင်သူ နည်းပညာ ပြန့်ပွားရေးစင်တာ၌ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက် အကူ စီမံကိန်းအရ ဆောင်ရွက်ခဲ့သော တောင်သူ လယ်သမားစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက်၊ နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်တွင် ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်
Dec 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု ၊ နားလီကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန မှ ဘိန်းအစားထိုးစိုက်ပျိုးရေး ပညာပေးခြံတွင် စိုက်ပျိုးထားသော ကြံမျိုး (၆)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ခင်းအား ယမန်နေ့ နံနက် ၁၀ နာရီက တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်ခဲ့ ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲကွင်းဆင်းဆောင်ရွက်
Dec 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်၊ ကျေးသမျှားကျေးရွာ ၊ တောင်သူ ဦးမောင်တင့်၏ကွင်းအမှတ် ၁၀၅၁-ခ၊ ဦးပိုင်အမှတ်၈၁၊ လယ်ယာမြေပေါ်၌ မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ‌ဒီဇင်ဘာ ၃ရက်၊ နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်နှင့် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း အရှိန်မြှင့်တင် ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူးပေါင်း၍ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်၍ မသန်စွမ်း ထောက်ပံ့ ပစ္စည်းများ ပေးအပ်
Dec 04,2020
မကွေးတိုင်းဒေသကြီး မကွေးမူလတန်းကြိုကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက် ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်၍ အားပေးစကား ပြောကြားကာ မသန်စွမ်းထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့တွင် အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 04,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀ ဆံ့) ဆေးရုံဝင်းအတွင်း၌ အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ရုံတစ်ရုံတည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နေ့လယ် (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။