သတင်းများ

မယ်စဲ့မြို့နယ်တွင် Quarantine ဝင်ရောက်နေသူ(၅)ဦးအား ကျန်းမာရေးထောက်ခံချက်ထုတ်ပေး
Dec 04,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centre များ ဖွင့်လှစ်၍ ပြည်တွင်း/ပြည်ပ ပြန်လည်ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ သတ်မှတ်ချက်များ ပြည့်မီသူ အမျိုးသား(၅)ဦးအား ကျန်းမာရေးထောက်ခံချက် များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
နာဂဒေသ၊ နန်းယွန်းမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းမချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချရေး အစည်းအဝေးကျင်းပ
Dec 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးဆိုင်ရာသတ်မှတ်စည်းကမ်းချက်များနှင့်အညီပြန်လည်ဖွင့်လှစ်ရောင်းချ ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၃ )ရက်နေ့ မွန်းလွှဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကျောက်မဲမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် တစ်နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆက်လက် ဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာတွင် သဘာ၀လိမ္မော်သီးများ ဈေးကောင်းရ
Dec 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ထီခေါင်းကျေးရွာသည် သဘာဝတောတောင် စိမ့်စမ်း လျှိုမြှောင်များနှင့် အေးချမ်းဆိတ်ငြိမ်သော ကျေးရွာလေးဖြစ်ကာဒေသခံတိုင်း ရင်းသားပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြု၍ သဘာဝလိမ္မော်ပင်များကို အဓိကစိုက်ပျိုးကြကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် စိုက်ပျိုး ထားသည့် မိုးစပါး ဆင်းသုခစိုက်ခင်းအား တတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက် မှုရှိရေး လက်တွေ့ပြသ
Dec 04,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် နယ်မြေအတွင်းရှိ ဆင်တပ်ကျေးရွာ တောင်သူ ဦးညွန့်ဝင်းနှင့် ဦးတင်မြင့် တို့၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခ စိုက်ကွင်း တတိယ အကြိမ်မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် ယမန်နေ့၊ မွန်းလွဲပိုင်းက နည်းပညာများ လက်တွေ့ပြသ ပေးခဲ့ကြကြောင်းသိရသည်။
မိုင်းဖြတ်တွင် တာချီလိတ်မှ ပြန်လာသူအမျိုးသမီးထံမှ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ​တွေ့ရှိ
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းအုပ်စု ၊ဟောင်ဟင်ကျေးရွာတွင် ယမန်နေ့ ညနေ ၅နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ (RDT)Test Kitဖြင့်စစ်ဆေးခဲ့ရာ အသက်၁၉နှစ်အရွယ် အမျိုးသမီး၌ ကိုဗစ်-၁၉​ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မိုးစပါမျိုးစေ့ထုတ်စိုက်ခင်း စံကွက်များ ရိတ်သိမ်း
Dec 04,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း CERP အစီအစဉ် ဖြင့် စိုက်ပျိုးထားသော မိုးစပါမျိုးစေ့ထုတ်စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆင်ခေါင်းကျေးရွာနှင့် ကုလားပါးကျေးရွာတို့တွင် လက်ဖြင့် ရိတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။