သတင်းများ

တမူးခရိုင် မြို့သစ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲပြုလုပ်
Dec 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ် အရ SRI စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် မှော်ဘီ-၂ မိုးစပါးမျိုးစေ့ ထုတ်ကွက် အား ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၁၀ နာရီက မြို့သစ်မြို့၊ ဗန္ဒုလကျေးရွာရှိ တောင်သူ ဦးမျိုးထွန်း၏ ကွင်းအမှတ် ၉၀၀(က)၊ ဦးပိုင်အမှတ် ၄၂ တွင် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကိုပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Quarantine Centre အမှတ်(၃)တွင် ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူ များအား RDT Test Kit ဖြင့် Swab ယူစစ်ဆေး
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူများ နှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူများထားရှိသည့် Quarantine centre (၃)ခုရှိပြီး ယမန်နေ့ နံနက်ပိုင်း၌ အမှတ်(၉၃) ရပ်ကွက်၊ Quarantine centre အမှတ် (၃)ရှိ ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်သူများနှင့် အနံ့မရရှိသူများအား RDT Test Kit ဖြင့် Swab ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စားသောက်ဆိုင်များ COVID-19 ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး
Dec 03,2020
မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် ဖွင့်လှစ်‌ရောင်းချလျှက်ရှိသော စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စံသတ် မှတ်ချက်များနှင့်ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ဒီဇင်ဘာ(၂)ရက် နေ့လည် (၁)နာရီခန့်က ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
လင်းခေးတွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 03,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ကိုဗစ်-၁၉ Case No.75444 လူနာနှင့် ထိတွေ့မှု ရှိခဲ့ကြသူများမှ အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်မံကူးစက်ခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၊ (မူလွန်) ထန်းတပင်ကျောင်း စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်
Dec 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်‌ကျေးရွာရှိ (မူလွန်) ထန်းတပင်ကျောင်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် (အလျား ၇၀ ပေ x အနံ ၃၀ ပေ x အမြင့် ၁၂​ ပေ) ရှိသော ကျောင်းစာသင် ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၃,၅၀၀,၀၀၀) ကျပ်နှင့် ပြည်သူလူထုထည့်ဝင်ငွေ (၁,၅၀၀,၀၀၀) ကျပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး
Dec 03,2020
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ပေါ်ရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဓါတ်ဆီဆိုင်များအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ
Dec 03,2020
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၃၀၇)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁.၁၂.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂.၁၂.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၂)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။
ကွမ်းလုံမြို့နယ် ဟိုလီမြစ်စုံတွင် အများပြည်သူ လည်ပတ်အပန်းဖြေနိုင်ရန်အတွက် ရှုခင်းသာဆောင်ရွက်
Dec 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာအဝင် နမ့်လင်းချောင်းနှင့် သံလွင်မြစ်ဆုံရာ ပြည်ထောင်စုလမ်းမကြီးနံဘေး၌ အများပြည်သူအပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေး အားကစားလေ့ကျင့် ခန်းများ ပြုလုပ်နိုင်ရန်အတွက် HoLi Confluence ဟိုလီမြစ်စုံရှုခင်းသာအား ပြုလုပ်ဆောင်ရွက်ထားကြောင်း သိရသည်။