သတင်းများ

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများနှင့် လူမှုရေးအသင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 03,2020
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။
ရပ်စောက်မြို့နယ်၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊တိုက်ကျွေးခြင်းဆောင်ရွက်
Dec 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အသက်(၂)လ မှ (၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ် ဆေး တိုက်ကျွေး၊ ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ စည်ပင်သာယာဈေးများ၌ ကိုဗစ်-၁၉ ‌ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များဖြင့် စနစ်တကျရောင်းဝယ်ရေး စစ်ဆေးဆောင်ရွက်
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ရှိ စည်ပင်သာယာဈေးများဖြစ်သည့် မြို့မဈေးနှင့်‌ အောင်ဆန်း ရပ်ကွက်ဈေးတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ဈေးများ စနစ်တကျဖွင့်လှစ် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း လိုအပ်သော နေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ စေတနာရှင် ပြည်သူများ က လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မိသားစု၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Talk Show အစီအစဉ်ပြုလုပ်
Dec 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် မိသားစု ၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Online Talk Show အသိပညာပေး ဆွေးနွေးမှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရပါသည်။
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ မုံဉ္ဇလီကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 03,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ မုံဉ္ဇလီ ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မုံဉ္ဇလီ ဘက်စုံအဆင့်မြင့် စံပြကျေးရွာ၊ တောင်သူ ဦးကြည်ခိုင်၏ ကွင်းအမှတ်(၅၂)၊ ဦးပိုင်(၃၃၆)၊ စိုက်ဧက(၁.၃၅) တွင် ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ဟင်းသီးဟင်းရွက်၊သား၊ငါးအခြေခံစားသောက်ကုန်များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက်လိုက်လံရောင်းချ
Dec 03,2020
ရန်ကုန်အ​​ ရှေ့ပိုင်းခရိုင်၊ ​ရန်ကင်း မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှု အရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေးများသို့ သွားရောက် ဝယ်ယူခြင်း မပြုရ သည့် အတွက်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး ၊သန့်ရှင်း
ရန်ကင်းမြို့နယ်တွင် Stay at home ကာလ မလိုအပ်ပဲ ပြင်ပသို့ သွားလာခြင်းမရှိစေရန် ကွင်းဆင်းဆောင်ရွက်
Dec 03,2020
Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ပြည်သူများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။