သတင်းများ

အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၆၆)ဦး နေအိမ်ပြန်ခွင့်ရ
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် (GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယနေ့ နံနက်(၁၀)နာရီအချိန်က (၆၆)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရ သည်။
ဖြူးမြို့နယ်၌ နှာ​ခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Dec 03,2020
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းကို အလေးထား‌၍ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ မှ လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေးအတွင်း နှင့်မြို့လယ် ပဲခူးလမ်းမကြီး ပေါ် တွင် ယနေ့မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နှာခေါင်းစည်း(mask)တပ်ဆင်သွားလာမှုရှိ/မရှိကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်၌ (Quarantine) ဝင်ရောက်နေသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Test Kit ဖြင့်စစ်ဆေး
Dec 03,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  (Quarantine) ဝင်ရောက်နေသူများအားကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိနှာခေါင်းနှင့် အာခေါင် တို့ဖတ် ရယူခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက မဟာစည် သာသနာ့ ရိပ်သာ (Quarantine Center) တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက် ဆောင်ရွက် ခဲ့သည်။
We Love Yangon(Thingangyun)သို့ အလှူငွေများလှူဒါန်း
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူမှုရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် We Love Yangon(Thingangyun) ပရဟိတအဖွဲ့သို့ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် ကြိုးစက် လမ်းနေ ဒေါ်အမာမြင့် မိသားစုမှ အလှူငွေ ၂၀၀၀၀/-ကျပ်နှင့် သမာဓိ(၁)လမ်းနေ ဒေါ်လင်းလင်းမိသားစုမှ အလှူငွေ ၁၀၀၀၀/-ကျပ်တို့ကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မျိုးသန့်မျိုးပွားဆောင်းနှမ်းများ အောင်မြင်ဖြစ်ထွန်း
Dec 03,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေနှမ်းစိုက်တောင်သူများ နှမ်းစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်နှမ်းများ စိတ်ချယုံကြည်စွာ ဝယ်ယူစိုက်ပျိုးနိုင်ရေးအတွက် မကွေး (၁/၁၃) နှမ်းနက် မျိုးသန့်မျိုးပွား ဆောင်းနှမ်း များ စိုက်ပျိုးထားရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ Community  Based  Facilities  Quarantine  Centre အတွက် လိုအပ်နေသည့် ရေဂါလန် (၈၀၀)အား သွားရောက်လှူဒါန်း
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် နတ်မောက် လမ်းထောင့်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Community  Based  Facilities Quarantine Centre အတွက် လိုအပ်နေသည့် ရေဂါလန် (၈၀၀)ကို ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် မီသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း တာမွေမြို့နယ် မီးသတ် စခန်းမှ သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အားကစားပစ္စည်းများ ထောက်ပံ့
Dec 03,2020
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ထူးချွန် သော အားကစားသမား များ ပေါ်ထွန်းလာစေရန် အားကစားနှင့် ကာယပညာများကို ပိုမိုစိတ်ဝင်စားလာစေရန်၊ မြို့နယ်အတွင်း အားကစားဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေး ဦးစီးဌာနခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများနှင့် လူမှုရေးအသင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 03,2020
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။