ပန်အွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာ အုပ်စု၊ ပန်အွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ် ပန္နက်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းဆောင်သစ်တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။