ဟားခါးမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၂၅၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ပေးအပ်

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ အတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မအူပင်မြို့တွင် ရပ်ကွက်/ ကျေးရွာများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ထုတ်ပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးနှင့် သဘာဝဘေးအန္တရာယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် မအူပင် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထုတ်ပေးခြင်းနှင့် စနစ်တကျ ဝတ်ဆင်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့သည်။

ဆီးသီး အသီးသီးနှုန်းကောင်းသော်လည်း အရောင်းအဝယ်အေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာရှိ ဆီးခြံစိုက်ပျိုးသူများ ဆီးသီး(ဆီးပန်းသီး) အသီးသီးနှုန်းကောင်းသော်လည်း ဆီးသီးရောင်းချချိန် ဝယ်မည့်သူမျှော်နေရ ကြောင်း တူရွင်းဘို့ကျေးရွာ ဆီးခြံစိုက်ပျိုးရောင်းချသူ ဦးပြုံးချိုထံက သိရသည်။

ညောင်ဦးမြို့နယ်ထွက် ပဲတီစိမ်းများ တစ်တင်း ၃၉၀၀၀ ကျပ်နှုန်း ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းများ စပေါ်ချိန်မှ တုန်းချိန်အထိ တစ်တင်းလျှင် ၃၉၀၀၀ ကျပ်ဖြင့် ဆက်တိုက်ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးသန်းထိုက် ထံက သိရသည်

မိုင်းတုံမြို့၌ ‌ ဒေသခံပြည်သူများအား အစာအာဟာရနှင့်အဝတ်အထည်များပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က ကျေးရွာ(၃)ရွာရှိ ဒေသခံပြည်သူများအား အစာအာဟာရနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မြို့နယ် အုပ်ချုပ်ရေးမှူးသည် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသက်သာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် ကုသရေးဌာန တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် အသက်(၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊လူမှုဝန်ထမ်းဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ခု ၊ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်းရှိ ထောက်ပံ့ရန်ကျန်ရှိသည့် ထိခိုက်လွယ်အုပ်စုတွင် ပါဝင်ပြီးအသက်(၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် သက်ကြီးရွယ်အိုဘိုးဘွားများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် "ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ" ထူထောင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာနှင့် တကူဆိပ်ကျေးရွာများတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရန် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာအုပ်စုတွင် ဆက်သွယ်ရေးရွာလမ်း (ကွန်ကရစ်လမ်း) ပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းပိုင်မြေ ကွန်ကရစ်လမ်း၊ ဆက်သွယ်ရေးရွာလမ်းသည် ယန်နေ့က မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။
Subscribe to