ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် မြောက်မုန်း မြောင်းမကြီးတွင် သံကူကွန်ကရစ် တံတားတစ်စင်း အကောင်အထည်ဖော် တည်ဆောက် ပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အဆိုပါ ကျေးရွာအနီးရှိ မြောက်မုန်းမြောင်း မကြီးတွင် သံကူကွန်ကရစ်တံတား တစ်စင်းအား ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ကာ အကောင်အထည် ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

နမ္မတူမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပန်ဟိုက်ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌  (အခမဲ့) ကွန်ပျူတာ သင်တန်း ဖွင့်လှစ်ရန်အတွက် သင်တန်းသား၊သင်တန်းသူများ စတင်လက်ခံ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်းပရဟိတ ဘုန်းတော် ကြီးသင် ပညာရေးကျောင်း၌ (အခမဲ့)ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန်အတွက် သင်တန်း သား၊ သင်တန်း သူများအား စတင်လက်ခံနေပြီဖြစ်ကြောင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က သဖန်းကိုင်း ပရဟိတ အဖွဲ့မှ သိရသည်။

ဇေယျာသီရိမြို့နယ်တွင် ဖရဲစိုက်တောင်သူများအား (GAP) စနစ်နည်းပညာပေးသင်တန်းဖွင့်

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဖရဲစိုက်တောင်သူများအား (GAP)နည်းပညာပေး သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ၌ ကျင်းပခဲ့သည်။

သီပေါမြို့နယ်တွင် နာနတ် GAP လက်မှတ်ရစိုက်ခင်းများနှင့် စွမ်းအားမြှင့်မီးဖိုသုံးစွဲမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နာနတ် GAP လက်မှတ်ရ စိုက်ခင်းများနှင့် စွမ်းအားမြှင့်မီးဖိုသုံးစွဲမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ပန်မိတ် ကျေးရွာအုပ်စုနှင့် နမ့်ရမ်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ချောင်းဦးမြို့နယ် ကြက်သွန်နီ စိုက်ခင်းများ ပိုးမွားရောဂါ ကျရောက်မှု့ နည်းပါးစေရန်၊ အထွက်နှုန်းတိုးစေရန်နှင့် ဓာတုဆေး လျှော့ချ၍ သဘာဝဆေးများ အစားထိုး အသုံးပြုပြီး စိုက်ပျိုးနိုင်စေရန် ကွင်းဆင်း ပညာပေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာ နယ်မြေအတွင်းရှိ ကြက်သွန်နီ စိုက်ခင်းများသို့ ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်၊ အထွက်နှုန်းတိုး တက်စေရန်နှင့် ဓာတုဆေးလျှော့ချ၍ သဘာဝဆေးများ အစားထိုးအသုံးပြုပြီး စိုက်ပျိုးနိုင်စေရန် တမာမြိုင် ရပ်ကွက်နှင့် ချောင်းဦး တောင်ရပ်ကွက်ရှိ စိုက်ခင်းများသို့ ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်း ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး နမ္မတူမြို့နယ်၌ ဒဏ်ငွေရိုက်ကာ ကြပ်မတ်ဆောင်ရွက်

နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခု လျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ပါသည်။

ထီးချိုင့်မြို့နယ်တွင် ရာသီဥတုနှင့်ကိုက်ညီသော ကြံစိုက်ပျိုးနည်းစနစ် စံပြကွက်နှင့် ကြံအထူးအထွက်တိုး အဆင့်မြင့် နည်းပညာများကို တွဲဖက်ပေါင်းစပ် အသုံးပြုခြင်း စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးဒေါ်တင်စန်းနှင့် စိုက်ပညာ ဝန်ထမ်းများသည် ပေါက်နက်ကျေးရွာရှိ ကွင်းအမှတ် OSS၊ ဦးပိုင်အ မှတ် ၂၃ တောင်သူဒေါ်ထွေးရီ၏စိုက်ခင်းတွင် ရာသီဥတုနှင့် ကိုက်ညီသော ကြံစိုက်ပျိုးနည်းစနစ် (CSA) နှင့် ကြံအထူးအထွက်တိုးအဆင့်မြင့်နည်းပညာများကို တွဲဖက် ပေါင်းစပ်အသုံးပြုခြင်း (PT) စံပြကွက်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

တိုက်နယ်ကျန်းမာရေးဌာနတွင် မွေးကင်းစ  အသက်၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် ပုံမှန် ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင် တာလေမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် မွေးကင်းစ အသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေး ခြင်းများကို ယနေ့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာ(၁၈)ရွာ ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားမည်

ကျောက်ဆည်ခရိုင် တံတားဦးနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာ(၁၈)ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည် ။
Subscribe to