ကျိုက်ဒုံမြို့တွင် ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင်ခွေးရူးရောဂါ မဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါ အန္တရာယ်ကင်းဝေးရန်အတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမ ယမန်နေ့ ညနေ၄နာရီက နေအိမ်များတွင်မွေးမြူထားသည့် ခွေးများအား ခွေးရူးရောဂါကြိုတင် ကာကွယ်ဆေး အခမဲ့ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများ ကိုဗစ်ကာလအတွင်း ဈေးကောင်းမရ၍ တောင်သူများအခက်တွေ့နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြောက်ပိုင်း ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများ ကိုဗစ်ကာလအတွင်းဈေးမရ၍ တောင်သူ များ အရှုံးပေါ်လျက် ရှိကြောင်းသိရှိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်စေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများ အား စစ်ဆေး အရေးယူခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ (၃၉)ရပ်ကွက်၊ အမှတ်(၅)စျေး၊ တပင်ရွှေထီးလမ်း မပေါ်တွင် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် များ ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်အ.ထ.က (Quarantine Centre)သို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူးများ လာရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ-ထ-က ငွေဆောင် ကျောင်း (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့ နံနက် ၈ နာရီချိန်က နှာ​ခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်၊ ရွှေဖူးမျှော်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ဈေးကားများဖြင့် လာရောက်ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်နှင့် နွယ်အေးရပ်ကွက်ကြားရှိ "ရွှေဖူးမျှော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်" တွင် ဈေးကားများဖြင့် လာရောက်ရောင်းချပေးမည်ကို မြို့နယ်စည်ပင် သာယာရေး​ကော်မတီက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ပြုလုပ် ကြောင်း သိရသည်။

ဧရာ၀တီတိုင်းအတွင်း ကိုဗစ်-၁၉ ကာလညမထွက်ရအမိန့်ကို ချိုးဖောက်တွေ့ရှိ ဖမ်းဆီးမိသူ ၆၀၀ ကျော်ရှိ

ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီးတွေ့ရှိသူ ဇန်နဝါရီ ၅ ရက်နေ့အထိ (၆၄၃) ဦးရှိခဲ့ပြီး အားလုံးကို ထောင်ဒါဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

အင်တောမြို့၌ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့တွင် မြို့သန့်ရှင်းရေး မြို့အနှံ့အမှိုက်ပုံးများလှူဒါန်းထားရှိဆောင်ရွက်ပေး

ကော့သောင်းမြို့၏ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ မြို့သန့်ရှင်းရေး မြို့အနှံ့ အမှိုက်ပုံးများ လှူဒါန်းထား ရှိဆောင်ရွက်ပေးခဲ့ကြကြောင်း ယမန်နေ့ ကသိရသည်။

ဒေးဒရဲမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လှည့်ပတ် ရံပုံငွေများ ပြန်လည် ထုတ်ချေးနိုင်ရေး ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းခြင်း အခမ်းအနားကို မှော်ဘီစုကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ ကျေးရွာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုးကုတ်မြို့တွင်(၆/၂၀၂၀)ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

မိုးကုတ်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်သည့်(၆/၂၀၂၀)ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန် က ရွှံပန်း အမကကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to