ညောင်လေးပင်မြို့ အင်္ဂါဆွမ်းလောင်းအသင်းမှ ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကိုဗစ်-၁၉ ကာလ သံဃာတော်အရှင်သူမြတ်များ ဆွမ်းကိစ္စပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်လုံး ဆိုင်ရာ အင်္ဂါဆွမ်းလောင်းအသင်းကြီးမှ ကြီးမှူးကာ ပထမ အကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ(၅)နာရီအချိန် အထိ လောင်းလှူခဲ့ကြသည်။

မြောင်းမြမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း maskများ အခမဲ့ဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်စည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြောင်းမြမြို့အဝင် ကွယ်လွယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် ဆောင်းသီးနှံ နေကြာ နှင့် ပဲပုတ်သီးညှပ် စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ဆောင်းသီးနှံ အဖြစ် နေကြာနှင့်ပဲပုတ်သီးနှံ သီးညှပ်စံပြကွက် အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ကြောင်းနှင့် နည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု ၊ ဝမ်ပုံ ကျေးရွာရှိ တောင်သူ ဦးမောင်ငွေ၏ လယ်ကွက် တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်း နှင့် ဝန်ထမ်းများ ၊ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအား ချပြရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအား သက်ဆိုင်ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ TPIC များ၊ သက်ဆိုင်ရာကျေးရွာ ကော်မတီများနှင့် ချပြရှင်းလင်းခြင်းကို ယနေ့ နံနက်က အဆိုပါရုံးအစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်လောင်း ရွေးချယ်ကျင်းပ နိုင်ရန် ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စည်ပင်သာယာရေး ကော်မတီဝင် လောင်း ရွေးချယ်ပွဲပြုလုပ်နိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီရွေးချယ်ရေးကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ မွေးစမှ (၁)နှစ်ခွဲ အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးပေး

ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်၌ ကလေးများကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်း များကို ဇန်နဝါရီ ၅ရက်နေ့ နံနက် ၁၀နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ရပ်ကွက်များနှင့် ကျေးရွာများရှိ ကျန်းမာရေးဌာန/ဌာနခွဲများ၌ ဆေးထိုးနှံပေးလျက်ရှိသည်။

နတ်တလင်းမြို့နယ်အတွင်းရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများအား စတုတ္ထအကြိမ် ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ပရဝဏ်များအတွင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော သီလရှင် ဆရာကြီး၊ ဆရာလေး (၁၉၅) ပါးတို့အား ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက ကျောင်းတိုက်များသို့သွားရောက်လှူဒါန်းကြသည်။

ကျောက်တံခါးမြို့နယ်တွင် (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၅)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့အား ယနေ့နံနက်(၉)နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆောင်ရွက်ခဲ့သည်။

ခိုင်ကမ်းမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရုံးခန်း၌ ယနေ့နံနက် ၁၀ အချိန်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန် အစောဆုံးပြီးစီးအောင် ဆောင်ရွက်သူ မြေစာရင်းဝန်ထမ်း များအား ဆုချီးမြှင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လယ်ယာစာရင်းအင်းဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးမြေခွန်နှင့် မိုးရေခွန်အစောဆုံး ပြီးစီးအောင်‌ ဆောင်ရွက်သူမြေစာရင်း ဝန်ထမ်း များအား ယနေ့ နံနက် ၁၁ နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
Subscribe to