ထန်းတပင်မြို့နယ် အမှတ်(၂)ရပ်ကွက် ယုဇနလမ်း၌ ပြည်သူမှပြည်သူ့ထံသို့ အခြေခံစားသောက် ကုန်ပစ္စည်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေလှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် ပြည်သူမှ ပြည်သူထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးခြင်းအစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ယုဇလမ်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များကို အလှူရှင် မိသားစုတစ်စုတို့မှ အဆိုပါလမ်းရှိ အိမ်ထောင်စု(၁၄)စုထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။