မော်လမြိုင်မြို့နယ်၌ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေး

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရပ်ကွက်/ ကျေးရွာများအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင် များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့် အညီ ရောင်းချမှုရှိစေရေး ဆိုင်ထိုင် ရောင်းချမှုမရှိစေရေးတို့ကို ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း၍ တာဝန်ရှိသူ အဖွဲ့များက လိုက်လံ စစ်ဆေးကြကြောင်း သိရသည်။

ဝန်းသိုမြို့နယ် မန်ကျည်းကုန်း-တေဇကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် အဓိက စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မန်ကျည်းကုန်း-တေဇကျေးရွာတွင် မိရိုး ဖလာတောင်သူ လယ်ယာစိုက်ပျိုးခြင်းနှင့်အတူ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပို၍အဆင်ပြေလုပ်ကိုင်လာနိုင်ကြောင်း သိရသည်။

လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ညီနောင်အသင်းများနှင့် အသင်းဝင်များ၏ လိုအပ်ချက်များကို စုစည်း ပေါင်းစည်းညှိနှိုင်း၍ နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မြောင်းမြမြို့ အထက(၁)မြတ်ဆရာပူဇော်ပွဲအား Online မှကျင်းပပြုလုပ်မည်

မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းသား/သူဟောင်းများ၏ (၂၆)ကြိမ်မြောက် မြတ်ဆရာပူဇော် ကန်တော့ပွဲ ၂၀၂၁ခုနှစ်၊ဖန်နဝါရီလ(၁၀)ရက်နေ့ နေ့လည် (၁၂)နာရီတွင် Online မှကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲဝင် ဓာတ်ပုံများအား စိစစ်အကဲဖြတ်ဆု ရွေးချယ်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် နှစ်(၃၀) ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။ နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “ပြည်သူ့အတွက် ဒို့ပြန်/ဆက်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ဌာနမှ ခေတ်အဆက်ဆက် တိုင်းကျိုးပြည်ပြု ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ပြုပြင်ပြောင်းလဲ တိုးတက်မှုများ၊

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည် ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက တတိယအကြိမ်မြောက်ဆွေးနွေး

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည်ဖော် ရေးအတွက် အစိုးရ-ပုဂ္ဂလိက တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာနမှ “ပင်ရင်းဒေသ စည်းမျဉ်းများ” နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းများ အတည်ပြု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်မှန်း၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ အတည်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများအကြောင်း ချပြရှင်းလင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအကြောင်း ချပြရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ပြည်လည်ရွေးချယ်နိုင်ရေး ရပ်ကွက်ရွေးချယ် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ပြည်လည် ရွေးချယ်နိုင်ရေး ရပ်ကွက် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းလျက်ရှိရာ ဘီးလင်းတန်းရပ်ကွက်အတွက် ရပ်ကွက် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း ခြင်းကို ယမန်နေ့က အဆိုပါရပ်ကွက်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား သင်တန်းပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပို့ချပေးခဲ့ကြောင်း သိရသည်။
Subscribe to