လဟယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ (၆၄ဒသမ၀၅၄)ကျပ်သန်းဖြင့် လဟယ်-ဟွေထိုက်-ပုံညိုနောက်အင်းကြား (၂၀/၀)မိုင် အနက်(၂၄)ပေအကျယ် မြေသားလမ်း (၁/၀)မိုင် ဖောက်လုပ်နေမှုနှင့် ၎င်းလမ်းပေါ်တွင် (၅×၅×၂၆)ပေ Box Culvert (၂)စင်းတည်ဆောက်နေမှုကို ယမန်နေ့က ဌာနမှတာ၀န်ရှိသူများ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။