စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဝန်းသိုမြို့နယ်အတွင်း လုပ်ငန်းများကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်သည် ယမန်နေ့ က ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဖလဲတန်းရပ်ကွက်တွင်းလမ်း အရှည် ၅၄၀ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဦးအောင်မြတ်ခန်းမဆောင် အသစ်ဆောက်လုပ် နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။