လွိုင်လင်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူထုစက်ဘီးစီးနင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းရာသီ လူထုစက်ဘီးစီးနင်းပွဲကို Nansang – Loilem – Pinlong (NLP bike cycling association)အသင်းမှကြီးမှူး၍ ယနေ့ နံနက်(၈)နာရီက မြို့မဈေးကြီးရှေ့ နာရီစင်တွင် ကျင်းပကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ခရမ်းညိုသီးစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက် တောင်ဆည်ပတ်ဝန်းကျင်ရှိ ကျေးလက်တောင်သူများစိုက်ပျိုးရောင်းချနေသည့် ခရမ်းညိုသီးနှင့် ခရမ်းညိုသီးတောင့်များစိုက်ပျိုးရောင်းချကြရာ အထွက်နှုန်းထွက်သလောက်ရောင်းချနေရပြီး ဈေးနှုန်းကောင်းရောင်းချရခြင်းဖြင့် ခရမ်းစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ခရမ်းစိုက်တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။

ပျဉ်းမနားမြို့နယ်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

၂၀၂၁ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၌ ယနေ့ နံနက် ၄ နာရီ၊ မိနစ် ၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် အလေးပြုကြသည်။

ဟင်္သာတမြို့တွင်(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့နံနက်၄နာရီ၂၀မိနစ်အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်‌များနှင့်အညီ အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြု သည့်အခမ်းအနားကို ကိုဗစ်(ဗဟို)၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်း က ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။

မော်လိုက်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးများနှင့်အညီ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းကို ယနေ့နံနက် ၄ နာရီ မိနစ်၂၀တွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပ

၂၀၂၁ခုနှစ်၊ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားပွဲကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့တွင်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ၂၀ အချိန်ကကျင်းပခဲ့ပြီး သဝဏ်လွှာဖတ်ကြားခြင်းကို နံနက် ၇နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၄)နာရီ(၂၀)မိနစ်ကကျင်းပခဲ့သည်။
Subscribe to