ပန်ဆိုင်း(ကြူကုတ်)မြို့၌ မွေးကင်စမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်) မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။