ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သီခြားစောင့်ကြည့်နေရာများတွင် နေထိုင်သူ(၇၁)ဦး ၏ နှာခေါင်း/ အာခေါင်တို့ပတ်များ နမူနာယူစစ်ဆေးခြင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်ရှိ Facility Quarantine များတွင် သီးခြားခွဲထားသော ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာ ရယူ စစ်ဆေး ခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။