COVID-19 ညွှန်ကြားချက်များနှင့်အညီ မန္တလေးခရိုင်အတွင်းရှိ နေရာ(၁၀)နေရာတွင် နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သွားမည်
မန္တလေးတိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် COVID-19 ရောဂါကပ်ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေခြင်း အကျိုးတရားများကို ရည်ရွယ်၍ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၃ ရက်အထိ နေ့စဉ် ညနေ(၃) နာရီ တွင် မန္တလေးခရိုင် အတွင်းရှိနေရာ (၁၀)နေရာ၌ COVID-19 ညွှန်ကြားချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။