ဒလမြို့နယ်၌ “မသန်စွမ်းသူများနဲ့ပညာရေး” ခေါင်းစဉ်ဖြင့် Talk Show အသိပညာပေး ဆွေးနွေး
ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော “မသန်စွမ်းသူများနဲ့ပညာရေး” ခေါင်းစဉ် ဖြင့် အွန်လိုင်းမှ တစ်ဆင့် Talk Show အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ဒလမြို့နယ်ပြန်/ဆက်ရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။