ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး‌ ဆောင်ရွက်ပြီးစီးနေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ မကျီးကန်အုပ်စုကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များအား မြို့နယ်လွှတ်တော်ကိုယ်စား လှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ခရမ်းမြို့တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက် ရှင်းလင်းခြင်းကို ယနေ့နံနက် ၉:၃၀ အချိန်က ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အနှေးယာဉ် (ဆိုက်ကား) လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်ကြံ့ခိုင်မှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော အနှေးယာဉ် (ဆိုက်ကား) များအား လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းတို့ကို ယနေ့နံနက်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၌ ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်ခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီ၊ ဒဂုံမြို့နယ် ယောမင်းကြီရပ်ကွက်အတွင်းရှိ ပြည်သူများ သွားလာလျက်ရှိသော လမ်းတစ် လျှောက် မြို့နေပြည်သူများ သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အတွက်ဓာတ်လိုင်း ကြိုးများနှင့် မလွတ် ကင်းသည့် သစ်ပင်များကို ယနေ့ နံနက်ပိုင်းအချိန်က ခုတ်ထွင်ရှင်းလင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၅၀)ဦးအား Rapid Test Kit စနစ်ဖြင့်စစ်ဆေး

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့၊ နေ့လယ်(၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၄) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှု ခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -113572၊ Case -113573၊ Case -113574 နှင့် Case -113575 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ က ဗိုလ်ချုပ်နေဝင်းလမ်း၊ သိမ်ကျောင်းလမ်း၊ လမ်းမတော်လမ်းနှင့် မြို့မဈေးကြီးတို့၌ ပြုလုပ်ခဲ့ ကြောင်း သိရ သည်။

ကမာရွတ်မြို့နယ်တွင် Mask နှင့် Face shield များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကမာရွတ် မြို့နယ် အတွင်းရှိ ဈေးများ၌ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့ လွယ်ဝိုင်းကျေးရွာတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာသင်တန်း ဖွင့်လှစ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ လွယ်ဝိုင်းကျေးရွာ၌ ဒေသခံ တောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ယမန်နေ့ နံနက်(၁၀) နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to