ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀) ဦး အား ကိုဗစ်-၁၉ကာလအတွင်း ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းလိမိတက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) အသင်းသား(၁၂၄၀)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ဂျီအီးစီ (ပညာရေး ဝန်ထမ်းများ) ရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် ဝါးဂုတ္တော​ကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်းဖွင့်လှစ်

ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် သာယာကုန်းအုပ်စု ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်​နေ့က ကျင်းပပြုလုပ်​ကြောင်းသိရသည်။

ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့် ကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက် ရှိကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် တခွက်ဖိုး​ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း စတင်​ဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေ သော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင်​​တခွက်ဖိုးကျေးရွာအုပ်စု ​​တခွက်ဖိုးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း(အရှည် ၂၇၀၀​ပေ ၊ အကျယ် ၁၂​ပေ ၊ ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၄၁,၇၀၀,၀၀၀)ကျပ်ဖြင့် စတင်အကောင် ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်​ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် CERP အစီစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်းသုခစံပြကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၀ခုနှစ် မိုးရာသီ ၌မိုးစပါး ၁၉၁၈ ဧက စိုက်ပျိုးခဲ့ပြီး CERP အစီစဉ်ဖြင့် မိုးစပါးပျိုးစေ့ထုတ်စံပြကွက် ၇၀ ဧက ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံကသိရသည်။

ရေနံချောင်းမြို့နယ်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ်ခြောက်သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကျွဲနွား တိရစ္ဆာန်များ ကုန်သွယ်မှုဆိုင်ရာ အရေးကြီးကူးစက်ရောဂါများ စူးစမ်း ထောက်လှမ်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေ တိုးပွားရေးအတွက် မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကျွဲနွားတိရစ္ဆာန် ကူးစက်ရောဂါများ ကင်းဝေးစေရန်နှင့် တိရစ္ဆာန်မှ တစ်ဆင့် လူများကို ကူးစက်မှုမဖြစ်စေရေးအတွက် ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာအား သွားရောက်၍ မဲခေါင် - လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေး စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်‌တွင် ယမန်နေ့ညက ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။

ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ လူနာကုတင် ၊Wheel chair နှင့် ကိုဗစ်-၁၉ရောဂါလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ လူနာကုတင် (Fowler bed)၊ Wheel chair နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများကို အလှူရှင်များက ယနေ့နံနက်(၉)နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အုတ်ဖိုမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း ကျေးရွာအဆင့် မိတ်ဆက်ရှင်းလင်းပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု သစ်ဆိမ့်ကုန်း ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်းကျေးရွာအဆင့်မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to