၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ဒုတိယ(၃)လပတ်တွင် ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ဖွံ့ဖြိုးရေး လုပ်ငန်း (၃)ခု ဆောင်ရွက်မည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များ အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ်တွင် လုပ်ငန်း (၃)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ GAP စနစ်ဖြင့် စိုက်ပျိုးထားသော လယ်သီးထပ်ဆောင်းသီးနှံ စိုက်ခင်းများ တွင် စိုက်စနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းကြီး နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ GAP စနစ်ဖြင့် စိုက်ပျိုးထားသော လယ်သီးထပ် ဆောင်းသီးနှံစိုက်ခင်းများတွင် စိုက်စနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ ပိုးမွှား ရောဂါကျရောက်မှု ရှိ/မရှိကို ယနေ့နံနက်( ၈)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်တွင်းလေယာဉ်ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအား ခရီးသွားမည့်ရက်ထက် တစ်ရက်ကြိုတင်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းလေယာဉ် ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ဒေသခံပြည်သူ ခရီးသည်များအား ခရီးသွားမည့်ရက်ထက် တစ်ရက်ကြိုတင်၍ နေ့စဉ် (ရုံးပိတ်ရက်) အပါအဝင် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ရုံးဖွင့်ချိန်အတွင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသို့ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြ

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာ များမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ နံနက်ပိုင်းက ဗြဲတရော်ကျေးရွာ တောင်သူ ဦးစိုးကြီးနေအိမ်အတွင်း သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၃၁)ဦးအား သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၁)ဦးအား ချင်းရွှေ ဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့်ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့၊ နံနက်(၁၁)နာရီခွဲ အချိန်က လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

ငပုတော၌ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း‌အဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ (က.ည.န)ရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက ဖွင့်လှစ် ခွင့်ပြုနိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရွာသာကြီး(က.ည.န)ရုံးနှင့် စက်မှုဇုန်(က.ည.န)ရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက ဖွင့်လှစ်နိုင်ရေး ယမန်နေ့ ညနေ(၄)နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဟုမ္မလင်းမြို့နယ်ကျေးရွာအတွင်းရှိ (VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းနေရာ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးရွာ အတွင်းရှိ (VDP)ဖြင့်ဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်မည့်နေရာကို ယမန်းနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ပြဿဒ်ကျောင်းတိုက် သို့မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေး ကြီးကြပ် ရေးအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူးနှင့် အလှူငွေများအား လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူးနှင့် အလှူငွေများအား ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ဆေးစက်ရပ်ကွက်၊ ပြဿဒ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။

ခရမ်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအား ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနှင့်စိုက် ပျိုးရေးနည်း ပညာများအား ဆွေးနွေးအသိပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်း ဆောင်းသီးနှံဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအား ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် စိုက်ပျိုးရေး နည်းပညာများအားအသိပညာပေးခြင်းနှင့် နည်းပညာပေး ဆွေးနွေးခြင်းကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့နယ် ကျုံးကျုံးကျ ကျေးရွာတွင်ကျင်းပခဲ့သည်။
Subscribe to