ကွမ်းလုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒေသခံပြည်သူ(၈၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၁) နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပန်းခြံအား ခေတ်မီပန်းခြံတစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ဖြစ်ပွားနေချိန်ကာလအတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပန်းခြံအား ယာယီပိတ်ထား သော်လည်း ပြန်လည်ဖွင့်လှစ်ပါက ခေတ်မီပန်းခြံ တစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀း၃၀)အချိန်ကပန်းခြံအရှေ့ အုတ်ရေမြောင်းတည်ဆောက်နေမှုကို ဆက်လက်လုပ်​ဆောင်နေကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအထောက်အကူပြုပစ္စည်း (၂၁)မျိုးအား ဖြန့်ဝေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန် က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို Volunteer အဖြစ် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းတို့အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၌ နေရပ်ပြန်ပြည်သူများအား Rapid Test Kit စနစ်ဖြင့်စစ်ဆေး

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၂)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၂၀)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်း လက်မှတ်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ​နော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆွတ္တမူ​ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ကန်ပိုက်တီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် မြို့တွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းဖြစ်သည့် နှစ်ခြင်းဘုရား ကျောင်း-မူကြိုကျောင်း-ဘောလုံးကွင်းတို့ ဆက်သွယ်ထားသည့်လမ်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် ခင်း‌‌ခြင်းလုပ်ငန်းအား ဒီဇင်ဘာ ၂၂ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက်

ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် လူ (၃ဝ) ဦးထက်မပိုစေဘဲ ဝတ်ပြုဆုတောင်းခွင့်ပြု

ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လူ (၃ဝ) ဦးထက်မပိုစေဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP) နှင့်အညီ ဝတ်ပြုဆုတောင်းခွင့် ပြုကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက်(၇) နာရီခန့် ကစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေး စစ်ဆေးခဲ့ကြသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၇)ဦးအား ဓါတ်ခွဲနမူနာ Swab များရယူ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၂၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၄၇)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to