မြို့မနိဗ္ဗာန်ဆော်လူငယ်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ရဟန်းသံဃာတော်များ ဆွမ်း အခက်အခဲ မဖြစ်ပေါ်စေရန် ကုသိုလ်ယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မပိုင်းရပ်ကွက်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသော ကာလအတွင်း ရဟန်းသံဃာတော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့မနိဗ္ဗာန်ဆော်လူငယ်များ အဖွဲ့မှ ရပ်ကွက်အတွင်း ကုသိုလ်ယူ နှိုးဆော်၍ နေ့စဉ် ဆွမ်းအလှူခံ ထွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အင်းစိန်မြို့နယ် သတင်းစာဆရာ အသင်းက စာအုပ်များလှူဒါန်း

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အင်းစိန်မြို့နယ် သတင်းစာဆရာအသင်းက စာအုပ်များလှူဒါန်းသည့် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကိုဗစ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လှူဒါန်း ခဲ့သည်။

လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပင်စင်လစာများထုတ်ပေးနေ

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ် အ တွင်းရှိ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများကို ဒီဇင်ဘာလ(၂၁)ရက်နေ့ကစတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ရပ်ကွက်များမှပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီးယာန်းအသင်းတော်မှ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ အလှူငွေ ခြောက်သိန်း ပေးအပ်လှူဒါန်း

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံပရက်စ် ဘီတေးရီးယာန်းအသင်းတော် ဌာနချုပ်မှ အလှူငွေကျပ် ခြောက်သိန်းကို ဒီဇင်ဘာ ၂၂ ရက်က ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး မြို့အဝင်/အထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ် တွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တုံတာမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မော်လမြိုင်ကျွန်းမြို့နယ်၊ မော်ဧရာခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပသည်။

တနိုင်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးများကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက်(၉)နာခွဲမှ နေ့လယ်(၁၂)နာရီအထိ တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးနှင့် ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးနှင့် ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ညှိုနှိုင်း အစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to