မင်းတပ်မြို့ပေါ်ရှိ စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး
မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။