ပင်လည်ဘူးမြို့၌ တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်းနှင့် ကွင်းအတွင်း နည်းပညာ မိတ်ဆက်ပြသပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းနှင့် ကွင်းအတွင်းနည်းပညာ မိတ်ဆက်ပြသပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့က မံစီလေး KC နယ်မြေ တောင်ကုန်းကျေးရွာ အုပ်စု၊ တောင်ကုန်း ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။