ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၂၀ ဦးအထိရှိလာ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ ၁၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကန်ကြီးထောင့်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေး Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် အသိပညာ ပေးခြင်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၉ နာရီက တကုန်းကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများစတင်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဒီဇင်ဘာလအတွက် ပင်စင်လစာများကို ယနေ့နံနက်(၈)နာရီခွဲအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဇလွန်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီး၊ ဇလွန်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးတွင် ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများသည် စျေးများ၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရိုက်အုတ်များ စျေးကောင်းရသဖြင့် အုတ်လုပ်ငန်းလုပ်ကိုင်သူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ လက်ရိုက်အုတ်များ စျေးကောင်းရ၍ လက်ရိုက်အုတ်လုပ်ငန်း လုပ်ကိုင် လာသူများ များပြားလာကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်လွင် ထံမှ သိရသည်။

တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်နှင့်အညီ ပင်စင်စားဝန်ထမ်းများအားစနစ်တကျထုတ်ပေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်နှင့်အညီ ပင်စင်စားဝန်ထမ်းများကို ယနေ့နံနက်(၇)နာရီ အချိန်မှစတင်၍ ပင်စင်လစာများ စနစ်တကျထုတ်ပေးလျက် ရှိကြောင်း သိရသည် ။

အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်၈နာရီခွဲက ညောင်ကွဲရပ်ကွက်၊ ၈လမ်းနှင့် ၉လမ်းကြား၊ ၈၆လမ်း ၌ ပြုလုပ်သည်။

မိုင်းနောင်မြို့ မိုင်းနန်းကျေးရွာ ဓမ္မရတနာဘုန်းတော်ကြီးကျောင်းကို ဆေးလိပ် သောက်သုံးခွင့်မရှိသောနေရာအဖြစ် သတ်မှတ်

လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က မိုင်းနန်းကျေးရွာရှိ ဓမ္မရတနာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်။

လိပ်သိုမြို့ ကော်ပတ်ခြံကျေးရွာ၌ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ဇလဲကျေးရွာအုပ်စု ၊ ကော်ပတ်ခြံ ကျေးရွာတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ ညနေ (၄) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to