မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း အဖွဲ့ပိုင်ဈေးများတွင် ဈေးသည်များနှာခေါင်းစည်း (Mask) များ တပ်ဆင် ပြီး ဈေးရောင်းချစေရေး အသိပညာပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိဈေး ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် Coronavirus Diseases 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ညွှန်ကြားချက်ဖြင့် ပြည်သူများအား ဈေးများအတွင်း သား၊ ငါး၊ ကုန်ခြောက်နှင့် ကုန်စိမ်းရောင်းသူများထံမှ Covid-19 ရောဂါကူး စက် မခံရစေရေးအတွက် (Mask) တပ်ဆင်ထားခြင်းမရှိသည့်ဈေးသည်များထံမှ ဈေးဝယ်ယူခြင်း၊ မပြုစေရေး အသိပညာပေးဆောင်ရွက်ခြင်းများကို စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ကစတင်ကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့လွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၄)ဦးအား ချင်းရွှေ ဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့ ၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့၊ နံနက်(၁၁)နာရီခွဲအချိန်က လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြိုတွင် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးခြင်းလက်တွေ့ပြသဆောင်ရွက်

မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် မိသားစုတစ်ပိုင်တစ်နိုင် အလွယ်တစ်ကူစိုက်ပျိုး နိုင်ပြီးဝင်ငွေ ရရှိနိုင် သည့် ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးမှု လက်တွေ့ပြသဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ် ၊ ပဲကူကျေးရွာတွင် ဒီဇင်ဘာလ(၂၁)ရက် (ယနေ့)နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်း ပြသဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု နှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မဈေးရှေ့ မင်းလမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ပြင်ထွက်သူများ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရေး စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ် သူများအား စစ်ဆေး အရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၆)ရပ်ကွက် ဗိုလ်မှူး ဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဝင်များ ပူးပေါင်း၍ စစ်ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သိန်း ၃၅၀၀ ကျော်ဖြင့် မြို့သာယာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်

မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သိန်း ၃၅၀၀ ကျော်ဖြင့် မြို့သာယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ သိရသည်။

ဟိုပင်၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာတစ်ဦးတွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ ၁ ဦး ယမန်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

နောင်မွန်မြို့နယ်၌ အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ရပ်ဘော့ကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာ (၂) ရှိ အ.မ.က (ခေါလန်) ကျောင်းတွင် ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် နွေစပါး(Seeder) စံပြကွက်စိုက်ပျိူး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ ဆီဆုံကုန်းကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ၌ စိုက်ပျိူးရေး ဦးစီးဌာနမှ နွေစပါးဆင်းသုခမျိုးစပါး (Seeder) စံပြကွက်စိုက်ပျိူးခဲ့​သည်။
Subscribe to